the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်၊ ဘဏ္ဍာရေးဌာန၏ လုပ်ငန်းဆောင်ရွက်ချက် အကျဉ်းချုပ်တင်ပြခြင်း

၁။ တိုင်းရင်းဆေးတက္ကသိုလ်၊ ဘဏ္ဍာရေးဌာနအနေဖြင့် ဝန်ထမ်းများ၏ လစာနှင့် စရိတ် အချိန်နှင့် တပြေးညီရရှိရေးနှင့်ထုတ်ပေးနိုင်ရေးကိုတွက်ချက်ဆောင်ရွက်လျက်ရှိခြင်း

 

၂။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)နှင့် အထက် အဆင့်ဆင့် မှ တောင်းခံလာသောငွေစာရင်းလချုပ်များ၊ ရှင်းတမ်းများ၊ GDP စာရင်းများ၊ ဝန်ထမ်းအင်အားစာရင်းနှင့်လစာစာရင်းများ၊ လုပ်ငန်းပြီးစီးမှုအစီရင်ခံစာ များစသည် တို့ကိုလစဉ် ပြုစုပေးပို့ ဆောင်ရွက်ခြင်း

 

၃။ ရငွေများကိုလျာထားချက်များနှင့်အညီ ကျောင်းလခများကောက်ခံရာတွင် အချိန်မီ ရရှိရေး၊ ကြွေးကျန်မဖြစ်ပေါ်စေရေးတို့ကို စနစ်တကျ ကြီးကြပ်ဆောင်ရွက်ခြင်း

 

၄။ ရန်ပုံငွေများကိုသက်ဆိုင်ရာငွေစာရင်းခေါင်းစဉ်အလိုက် စုစည်း၍ ဦးစီးဌာန(ရုံးချုပ်) သို့ တင်ပြ တောင်းခံပေးခြင်း၊ အသုံးစရိတ် Budget များရရှိလာပါက သက်ဆိုင်ရာ ငွေစာရင်းခေါင်းစဉ်အလိုက် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီထုတ်ယူသုံးစွဲနိုင်ရေးဆောင်ရွက်ခြင်း

 

၅။ ငွေလုံး၊ငွေရင်းအသုံးစရိတ်များ (တည်ဆောက်ရေး+ဝယ်ယူရေး) လုပ်ငန်းများအတွက် ဘဏ္ဍာရေးနှစ်အလိုက် တိုင်းရင်းဆေးတက္ကသိုလ်၏ လိုအပ်ချက်နှင့်အညီ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် (စီမံ)တို့၏ လမ်းညွှန်ချက်များ ရယူပြီး ရန်ပုံငွေ များ ရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိခြင်း ခွင့်ပြုရန်ပုံငွေများ ဆောင်ရွက်ခွင့် ရရှိပါက သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အတွင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက် တင်ဒါခေါ်ယူခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ စာချုပ် ချုပ်ဆိုနိုင်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ငွေထုတ်ယူပေးချေနိုင်ရေး လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆောင်ရွက် ပေးခြင်း

 

၆။ ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းနှင့်စာရင်းများကိုစစ်ဆေးခံနိုင်ရေးအတွက် ဌာနများ နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ဖြေကြားခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်း

 

၇။ အထက်အဆင့်ဆင့်မှ လမ်းညွှန်မှာကြားချက်များကိုအချိန်နှင့်တပြေးညီတာဝန် ယူဆောင် ရွက်ခြင်း

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ