ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ်အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော တိုင်းရင်းဆေးဝါး များကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စဉ်ဆက်မပြတ် စနစ်တကျ စစ်ဆေးလျက်ရှိပါသည်။
ယင်းသို့စစ်ဆေးရာတွင် လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်တွင် ရောင်းချလျက်ရှိသော အောက်ဖော်ပြပါ တိုင်းရင်းဆေးဝါးသည် မှတ်ပုံတင်ထားခြင်းမရှိသော တိုင်းရင်းဆေးဝါးဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် စစ်မှန်အစွမ်းထက်မှုကို အာမခံချက် မပေးနိုင်သောကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။
သို့ဖြစ်ပါ၍ ၄င်းဆေးဝါးကို Online တွင် တရားမဝင်ရောင်းချခြင်းများရှိပါက ပြည်သူများ အနေဖြင့် အဆိုပါဆေးဝါး၏ စစ်မှန်အစွမ်းထက်မှုနှှင့် ဘေးအန္တရာယ်ကင်းရှင်းမှုအတွက် အာမခံချက် မရှိပါ၍ ဝယ်ယူသုံးစွဲမှုမပြုရန် အသိပေးကြေညာအပ်ပါသည်။