the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်း ကြိုတင်လက်ခံမည့် ကနဦး ဖွင့်လှစ်ခြင်း (Soft Opening) အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်တက်ရောက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၆၃/၂၀၂၀ အရ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်လျှောက်ထားခြင်း ကြိုတင်လက်ခံမည့် ကနဦးဖွင့်လှစ်ခြင်း (Soft Opening) အခမ်းအနားအား‌ နေပြည်တော်ရုံးအမှတ် (၅၂)တွင် ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့်ပညာ‌‌ရေးဝန်ကြီးဌာနတို့မှပြည်ထောင်စုဝန်ကြီးများဦးဆောင်၍ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အသင်း အဖွဲ့များ၊ နိုင်ငံတကာအထောက်အကူပြုအဖွဲ့အစည်းများ၊ ဥပဒေအကျိုးဆောင်များတက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ