the republic of the union of myanmar

ministry of health

Department of Traditional Medicine

ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(ရန်ကုန်)မှတိုင်းရင်းဆေးဝါးစက်ရုံ (မန္တလေး)သို့ပြောင်းရွှေ့နိုင်ရေးညှိုနှိုင်းအစည်းအဝေးတက်ရောက်ခြင်း

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်သည် တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ (ရန်ကုန်) အဆင်ပြေချောမွေ့စွာပြောင်းရွှေ့နိုင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံအကြံပေးအဖွဲ့ဥက္ကဌ ဒေါက်တာတင်ညွန့်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ အဆင်ပြေချောမွေ့စွာ ပြောင်းရွှေ့ နိုင်ရေးဆွေးနွေးချက်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ပါသည်။
ဆက်လက်ပြီးညွှန်ကြားရေးမှူးချုပ်မှ Quality Assurance ဆိုင်ရာလိုအပ်ချက်များနှင့် အညီတိုင်းရင်း ဆေးဝါးထုတ်လုပ် ရေးအတွက် လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်များသည် တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ (ရန်ကုန်)လက်ရှိစက်ရုံဟောင်း၊ ကုန်ချောသိုလှောင်ထားရှိမှု၊ မသုံးစွဲရသေးသော စက်ပစ္စည်းများထားရှိရာနေရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ