အမျိုးသားပရဆေးဥယျာဉ်(နေပြည်တော်)သို့ နံနက်(၁၀:၀၀)ခန့်အချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ ညွန်ကြားရေးမှူးများပါဝင်သော အဖွဲ့သည် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှစစ်ဆေးပြီး သိရှိလိုသည်များမေးမြန်းခဲ့ပါသည်။
ထို့နောက် ပရဆေးဉယျာဉ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး(ဉယျာဉ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့အား ပြန်လည်ရှင်းလင်းတင်ပြခဲ့ပါသည်။
ဆက်လက်ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်သည် ဉယျာဉ်အတွင်း လိုအပ်သည်များကို မှာကြားခဲ့ပါသည်။