the republic of the union of myanmar

ministry of health

Department of Traditional Medicine

မန်းနှင့်အနာပေါက်

စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးအစီအစဉ်  မန်းနှင့်အနာပေါက် ဆွေးနွေးခြင်း

 

       နေပြည်တော်ပြည်ထောင်စုနယ်မြေ၏ ဆဌမအကြိမ်မြောက် တိုင်းရင်းဆေးပညာ စဉ်ဆက် မပြတ်ပညာပေးရေးအစီအစဉ် (CTME)ကို ၂၀-၁၁-၂၀၁၆ (စနေနေ့)တွင် မန်းနှင့်အနာပေါက် ခေါင်းစဉ်ဖြင့် နေပြည်တော် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ကျင်းပ ခဲ့ပါသည်။

 

    အခမ်းအနားသို့ ဒေါက်တာဌေးအောင် (ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန)၊ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၊ ဦးစိုးမြင့် (တိုင်းဒေသကြီးဦးစီး ဌာနမှူး၊ နေပြည်တော်ကောင်စီနယ်မြေ)၊ ဦးဝေဝင်း (ဆေးရုံအုပ်၊ နေပြည်တော်တိုင်းရင်းဆေးရုံ)၊ ဒေါက်တာထွန်းမြင့်အေး (ဒုတိယညွှန်ကြားရေးမှူး၊ ကုသရေး)၊ ဒေါက်တာသိန်းဇော်လင်း (ဒုတိယ ညွှန်ကြားရေးမှူး၊ ဖွံ့ဖြိုးရေး)၊ ဒုတိယဆေးရုံအုပ်နှင့်အတူ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရုံးချုပ်မှ ဝန်ထမ်းများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ တာဝန်ကျ တိုင်းရင်းဆေးပညာရှင်များ၊ နေပြည်တော်တိုင်းရင်းဆေးရုံမှ တိုင်းရင်းဆေးပညာရှင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ခဲ့ကြပါသည်။

 

    အခမ်းအနားကို နံနက် (၉းဝဝ) နာရီတွင် ဖွင့်လှစ်ခဲ့ပြီး သဘာပတိ ဆရာကြီး ဦးအောင်ကျော်မင်း (ပါမောက္ခဌာနမှူး၊ တိုင်းရင်းဆေးတက္ကသိုလ် (ငြိမ်း))က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် အခမ်းအနားသို့ကြွရောက်လာကြသော ပညာရှင်များကို နံနက်စာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။

 

    ထို့နောက် စာတမ်းရှင် ဦးစံလင်း (တိုင်းရင်းဆေးမှူး၊ နေပြည်တော်တိုင်းရင်းဆေးရုံ) က မန်းနှင့်အနာပေါက်ရောဂါအကြောင်းနှင့် ပတ်သက်၍ အသေးစိတ်ရှင်းလင်းခဲ့ကာ တက်ရောက် လာကြသူများ၏ ဆွေးနွေးမေးမြန်းချက်များကို စာတမ်းရှင်နှင့် သဘာပတိတို့က ပြန်လည်ဖြေကြား ခဲ့ကြပါသည်။ အခမ်းအနားအစီအစဉ်ကို နေ့လယ် (၁၂းဝဝ) တွင် ရပ်နားခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ