တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့၏ (၁၇-၆-၂၀၂၀) ရက်နေ့နှင့် (၁-၇-၂၀၂၀) ရက်နေ့တို့တွင် ဆောင်ရွက်ခဲ့သော အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၂၀) နှင့် (၁၅/၂၀၂၀) တို့၏ ခွင့်ပြုချက်အရ Online System ဖြင့် လျှောက်ထားသည့် တိုင်းရင်းဆေးဝါး မှတ်ပုံတင် (သက်တမ်းတိုး) ခွင့်ပြုစာရင်း (၁၆) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည် ဖြစ်ကြောင်းနှင့် ခွင့်ပြုကတ်ပြားများ လာရောက်ထုတ်ယူရာတွင် သက်တမ်းကုန်မှတ်ပုံတင်မူရင်းနှင့် တံဆိပ်(၃)စုံစီ တပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။