ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ် ရေးအဖွဲ့အစည်းအဝေး(၁၄/၂၀၂၀) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) (၂)စောင်၏ လိုအပ်ချက်စာရင်းကိုပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင်ရွက်ရန်နှင့် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှ (၃)လအတွင်း ပေးပို့ဆောင်ရွက် ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/လိုင်စင်များပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ ပြင်ဆင်ပြီး တံဆိပ်(၃)စုံ၊ အခြားလိုအပ်ချက်များနှင့် အတူ ပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ပြန်လည်ပေးပို့ရ မည်ဖြစ်ပါသည်။