သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေး အဖွဲ့အစည်းအဝေးများ နှင့် ဗဟို တိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီ အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရလိုအပ်ချက်များ ပြင်ဆင်ပြီးပြည့်စုံ၍ (၁-၆-၂၀၂၀) ရက်နေ့မှ (၃၀-၆-၂၀၂၀) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်း ဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)-(၉၈)စောင်အားပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လ အတွင်း တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည် ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။