ယနေ့ နံနက် ၈း၀၀ နာရီတွင် နံနက်ပိုင်း အဖွဲ့(၁)၊ နေ့လယ် (၁၃း၀၀) နာရီတွင် နေ့လယ်ပိုင်း အဖွဲ့(၂) ဖြင့် ဒုလ/ထတိုင်းရင်းဆေးမှူးမှ လ/ထတိုင်းရင်းဆေးမှူးရာထူးသို့ ရာထူးတိုးဖြေဆိုသူများအား video conference ဖြင့် ရုံးအမှတ် ၄၇ တိုင်းရင်းဆေးပညာ ဉီးစီးဌာန၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ရာထူးတိုး ဖြေဆိုခြင်းကို တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ ဒေါက်တာတင်တင်မိုး၊ စီမံခန့်ခွဲရေးဌာနမှ ညွှန်ကြားရေးမှူး ဉီးသန်းညွန့်၊ ဆေးဝါးနှင့်ဉယျာဉ်ဌာနခွဲမှ ဒေါက်တာမြင့်မြင့်သန်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနမှ ဒေါ်ဆွေဆွေ၊ ကုသရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်အေးတို့နှင့် သက်ဆိုင်ရာတာဝန်ရှိဌာန တို့သည် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တိုင်းဒေသကြီး/ပြည်နယ်ဉီးစီးဌာနမှူးတို့နှင့် ချိတ်ဆက်၍ ရာထူးတိုး စာမေးပွဲ ဖြေဆိုမည့်သူများအား video conference ဖြင့် ကျင်းပခဲ့ပါသည်။