the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန သုတေသနဓာတ်ခွဲခန်း(နေပြည်တော်) သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သွားရောက် ကြည့်ရှစစ်ဆေးခြင်း

တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော် ရုံးချုပ်ရှိ သုတေသနဓာတ်ခွဲခန်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး ဦးဆောင်သောအဖွဲ့သည် နံနက် (၉:၃၀) အချိန် က လာရောက်ကြည့်ရှစစ်ဆေး၍ ဓာတ်ခွဲခန်းအား ယခုထက်ပိုမိုကောင်းမွန်လာစေရန် လိုအပ်ချက်များအားလမ်းညွန်မူပြုခဲ့ပြီး လိုအပ်ချက်များဖြည့်ဆည်းပေးခဲ့ပါသည်။ အဆိုပါပွဲကို ဝန်ကြီးရုံး ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ဒေါက်တာစိုးဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်မိုး၊ ညွန်ကြားရေးမှူးများ၊ တာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ