လူမှုကွန်ယက်စာမျက်နှာ Facebook ပေါ်တွင် ရောင်းချလျက် ရှိသော အာယုသိဒ္ဓိ သက်ရှည်ဆေး သည် တိုင်းရင်းဆေးပညာဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် စစ်မှန်အစွမ်းထက်မှုကို အာမခံချက်မပေးနိုင်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေး တွေ့ရှိချက်များအရ Arsenic ပါဝင်ခြင်းတို့ကြောင့် အများပြည်သူများ သုံးစွဲရန် မသင့်လျော်ကြောင်း အသိပေးအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။