ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး (၅/၂၀၂၀) ဆုံးဖြတ်ချက်(၇)အရ လိုအပ်ချက်စာရင်း- (၁) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင်ရွက်ရန်နှင့် ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/ လိုင်စင်များ ပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ ပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်ပြီးတင်ပြစာ၊ ပြင်ဆင်ပြီးတံဆိပ် (၃) စုံ၊ အခြားလိုအပ်ချက်များနှင့်အတူစာဖြင့် ပြန်လည်ပေးပို့ရမည် ဖြစ်ပါသည်။