တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သစ်) လျှောက်ထားခဲ့ သော JUNE အမှတ်တံဆိပ် အာယုဆီးဖြူသီးပျားရည်(ဆေးအနှစ်)မှ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေး ကော်မတီအစည်းအဝေး(၄/၂၀၁၉)အရ တံဆိပ်ပြင်ဆင်ပေးပို့ခြင်းအား တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေး(၅/၂၀၂၀)တွင်တင်ပြခဲ့ရာ အစည်းအဝေးမှဆုံးဖြတ်ချက်အရ ပြင်ဆင်ပြီးတံဆိပ်နှင့် Shelf life အထောက်အထားအား ရည်ညွှန်းချက်ပါစာဖြင့် ပြန်လည်ပေးပို့ လာပါသည်။
အဆိုပါပြင်ဆင်ချက်များအားစိစစ်ရာတွင် အခြားလိုအပ်ချက်များအား ပြင်ဆင်လာသော်လည်း “ကလေး(၁၂)နှစ်အထက်ဟုရေးသားထား၍ ကလေးအညွှန်း အားထည့်သွင်းလိုပါကဌာနမှ သတ်မှတ်ချက်နှင့် ကိုက်ညီအောင် ပြင်ဆင်ရန်”နှင့်ပတ်သက်၍ ပြင်ဆင်လာခြင်းမရှိကြောင်းတွေ့ရှိရပါသဖြင့် ထပ်မံပြင်ဆင် ပေးပို့ရန်နှင့်(၃)လအတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက မှတ်ပုံတင်ခြင်းလုပ်ငန်း ဆက်လက်ဆောင်ရွက် ခြင်းမပြုတော့ဘဲ ပယ်ဖျက်မည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။