ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ကတ်ပြားများအား သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးရုံးတွင် ထုတ်ပေးနိုင်ပါ ရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) -(၆) စောင်
ပြည်နယ်ဦးစီးဌာနမှူးသည် သက်ဆိုင်ရာဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များသို့ဆက် လက်အကြောင်းကြားဆောင်ရွက်ရန်၊ (၃) လအတွင်းလာရောက်ထုတ်ယူရန်အတွက်ခွင့်ပြုကြော်ငြာစာထုတ်ပြန်ရန်နှင့် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်၊ သတ်မှတ်ကာလအတွင်း ထုတ်ယူခြင်းမရှိပါက လုပ်ငန်းရှင်ထံသို့ ထပ်မံ၍ သတိပေးစာထုတ်ပြန်ရန် အကြောင်းကြားပါသည်။