ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများအားသက်ဆိုင်ရာတိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင် ထုတ်ပေးနိုင် ပါရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) - (၁)စောင်
( ခ) တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) - (၈)စောင်
( ဂ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတို)- (၂) စောင်
(ဃ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်) - (၁) စောင်
(င) အထွေထွေခွင့်ပြု - (၆)စောင်
တိုင်းဒေသကြီးဦးစီးဌာနမှူးသည် သက်ဆိုင်ရာဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားဆောင်ရွက်ရန်၊ (၃) လအတွင်း လာရောက်ထုတ်ယူရန်အတွက် ခွင့်ပြုကြော်ငြာစာထုတ်ပြန်ရန်နှင့် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်၊ သတ်မှတ်ကာလ အတွင်း ထုတ်ယူခြင်းမရှိပါက လုပ်ငန်းရှင်ထံသို့ ထပ်မံ၍ သတိပေးစာထုတ်ပြန်ရန် အကြောင်းကြားပါသည်။