the republic of the union of myanmar

ministry of health

Department of Traditional Medicine

အထွေထွေခွင့်ပြုစာရင်း(၃)စောင်ကို ထုတ်ပြန်ကြော်ငြာခြင်း

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ အထွေထွေပြောင်းလဲခွင့် လျှောက်ထားလာ သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များအနက် (၁-၆-၂၀၂၀) ရက်နေ့မှ
(၃၀-၆-၂၀၂၀) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် အထွေထွေခွင့်ပြုစာရင်း(၃)စောင်ကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
 
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင် (ရက်စွဲညှိ) - ၁ စောင်
(ခ) တိုင်းရင်းဆေးဝါထုတ်လုပ်ခွင့်လိုင်စင် (ရက်စွဲညှိ)- ၂ စောင်
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်ထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများ ထုတ်ယူရမည်ဖြစ်ကြောင်းကြော်ငြာအပ်ပါသည်။
 
ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ