the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)လိုအပ်ချက်စာရင်း- (၃) စောင်အား ထုတ်ပြန်ကြော်ငြာခြင်း

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) ကိစ္စရပ်များနှင့်ပတ်သက်၍ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေး(၁၂/၂၀၂၀) ဆုံးဖြတ်ချက်အရ လိုအပ်ချက်စာရင်း- (၃) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည်။
 
ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက်အရ (၆)လအတွင်း ပေးပို့ ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/ လိုင်စင်များပျက်ပြယ်ကြောင်းကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။
 
ဤကြော်ငြာစာအမှတ်ကို ရည်ညွှန်း၍ ပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူမှ လက်မှတ်ရေးထိုး၍ ပြင်ဆင်ပြီးတင်ပြစာ၊ ပြင်ဆင်ပြီးတံဆိပ် (၃) စုံ၊ အခြားလိုအပ်ချက်များနှင့်အတူစာဖြင့် ပြန်လည်ပေးပို့ရ မည်ဖြစ်ပါသည်။
 
ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆ ေးဖက်အသေးဝင် ရောေးဆ ောင်ေးလက်ပပ်ပ
နွေဥတုအခါ နေထိုင်စားသောက်ရမည့်နည်းလမ်းများ
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့