တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇)၊ အစည်းအဝေးခန်းမ၌ မွန်းလွဲ (၁:၀၀) အချိန်တွင် တိုင်းရင်းဆေးဝါးစက်ရုံအကြံပေးအဖွဲ့ နှင့် Video Conferencing ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲ ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် တက်ရောက်ခဲ့ပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(ရန်ကုန်) အား တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးစက်ရုံ (မန္တလေး)သို့ ပေါင်းစည်းရေးအတွက် တိုင်းရင်းဆေဝါး စက်ရုံအကြံပေးအဖွဲ့၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များအား ဆွေးနွေးလမ်းညွန်မူပြုခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲကို တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်မိုး၊ညွန်ကြားရေးမှူးများ၊ ဒုတိယညွန်ကြားရေးမှူးများနှင့် တိုင်းရင်းဆေးဝါး စက်ရုံအကြံပေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။