the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကြယ်တာရာ အမှတ်တံဆိပ် ရှားစောင်းလက်ပပ် မန်ကျည်းအားတိုးဆေး (ချက်ဆေး) အား တတိယအကြိမ် ဓာတ်ခွဲရန် အကြောင်းကြားခြင်း

၁။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားသောဆေးများအား သက်ဆိုင်ရာ ဆေးသက်တမ်းများအလိုက် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ သုတေသန ဓာတ်ခွဲခန်း၌Shelf Life စစ်ဆေးရာတွင် ကြယ်တာရာ အမှတ်တံဆိပ် ရှားစောင်းလက်ပပ်မန်ကျည်းအား တိုးဆေး(ချက်ဆေး)၏ထုတ်လုပ်ရက်စွဲမှာ ၁၀/၂၀၁၉ ဖြစ်ပြီး သက်တမ်းကုန်ရက်စွဲ မှာ ၁၀/၂၀၂၀ ဖြစ်၍ ဆေး သက်တမ်း (၁) နှစ် ဖြစ်သော်လည်း ၂၀၁၈ခုနှစ် ဩဂုတ်လတွင် စစ်ဆေးရာ၌ သက်တမ်းကာလ (၃) လ ဖြင့် မှိုများ ပေါက်နေကြောင်း တွေ့ရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ အဆိုပါဆေး၏ဆေးသက်တမ်းအား ထပ်မံစစ်ဆေးနိုင်ရန်အတွက် ဆေးနမူနာ (၂၄) ဘူးနှင့်တကွပိုင်ရှင်(သို့)ကြီးကြပ်သူမှတိုင်းရင်းဆေးပညာဦးစီးဌာနတွင် တတိယအကြိမ်ဓာတ်ခွဲစစ်ဆေး နိုင်ရန် အကြောင်းကြားပါသည်။
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ