၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်ထုတ်လုပ်ခွင့်လိုင်စင်များအနက်(၁-၁-၂၀၂၀)ရက်နေ့မှ(၃၁-၁-၂၀၂၀)ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် အထွေထွေ ခွင့်ပြုစာရင်း(၃၆)စောင်ကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သတ်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့် လိုင်စင်ကတ်ပြားများ ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။