ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန မှ
(ဝေသာရဇ္ဇဆေးပုလဲကလာပ်)ဆေး အား မြန်မာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် (NATIONAL LIST) သို့ ထည့်သွင်းနိုင်ရေးအတွက်တင်ပြခြင်း
------------------------
ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန မှ (ဝေသာရဇ္ဇဆေးပုလဲကလာပ်)ဆေး အား မြန်မာ့ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် (NATIONAL LIST) သို့ ထည့်သွင်းနိုင်ရေးအတွက် ဒေါက်တာသံလွင်ထွန်းဦးဆောင်သောအဖွဲ့က (၅-၂-၂၀၂၀)ရက်နေ့တွင် မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် National List သို့ ထည့်သွင်းနိုင်ရေးအတွက် တင်ပြခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။




