၁။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားသောဆေးများအား သက်ဆိုင်ရာဆေး သက်တမ်းများအလိုက် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနခွဲ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၏ သုတေသန ဓာတ်ခွဲခန်း၌ Shelf Life စစ်ဆေးရာတွင် သံဝရ အမှတ်တံဆိပ် လေနိုင်ချက်ဆေး (ချက်ဆေး)၏ ထုတ်လုပ်ရက်စွဲမှာ (၂-၂-၂၀၁၉) ဖြစ်ပြီး သက်တမ်းကုန်ရက်စွဲမှာ (၂-၂-၂၀၂၀) ဖြစ်၍ ဆေးသက်တမ်း (၁)နှစ် ဖြစ်သော်လည်း (၃-၁-၂၀၂၀) ရက်နေ့တွင် (၁၁)လပြည့်ဆေးသက်တမ်း စစ်ဆေးရာ၌ မှိုများပေါက် နေကြောင်းတွေ့ရှိရပါသည်။
၂။ သို့ဖြစ်ပါ၍ အဆိုပါဆေး၏ ဆေးသက်တမ်းအား ထပ်မံစစ်ဆေးနိုင်ရန်အတွက် ဆေးနမူနာ(၂၄)ဘူး နှင့်တကွ ပိုင်ရှင်(သို့)ကြီးကြပ်သူမှ တိုင်းရင်းဆေးပညာဦးစီးဌာနတွင် ဒုတိယအကြိမ် ဓါတ်ခွဲစစ်ဆေးနိုင်ရန် အကြောင်းကြားပါသည်။
၃။ ဤစာထုတ်ပြန်သည့် နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာ လိုအပ်ချက်များကို ပေးပို့ ဆောင်ရွက်ရန် နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက် အရ (၆)လအတွင်း ပေးပို့ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါက မှတ်ပုံတင်/ လိုင်စင်များပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။