ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်) ကိစ္စများနှင့်ပတ်သက်၍ အထက်ရည်ညွှန်းချက်ပါစာဖြင့် အကြောင်းကြားစာထုတ်ပြန်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင်ရွက်ရန် အကြောင်းကြားပြီးဖြစ်သော်လည်း ပေးပို့ဆောင်ရွက်ခြင်းမရှိသည့်အတွက် အဆိုပါထုတ်လုပ်ခွင့်လိုင်စင် (အသစ်) လျှောက်လွှာ (၂ ) စောင်အား ပယ်ဖျက်စာရင်းထုတ်ပြန်ကြော်ငြာလိုက်သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။