the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) (၇)စောင်၏ လိုအပ်ချက်စာရင်းကို ထုတ်ပြန်ကြော်ငြာခြင်း

၁။       ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ ၂၀၁၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်ထိ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်) ကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာဗဟိုတိုင်းရင်း ဆေးဝါး ကြီးကြပ်ရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်များအရ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) (၇)စောင်၏ လိုအပ်ချက်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

၂။       ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍(၃)လ အတွင်းသက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင် ရွက်ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက်အရ (၆)လ အတွင်းပေးပို့ဆောင်ရွက်ခြင်းမပြုပါကပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက်ပြီးပါကလိုင်စင်(အသစ်)လျှောက်ထား ခြင်းအားပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

၃။       ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍ အခြားလိုအပ်ချက်များနှင့်အတူပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူ မှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ