ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၄/၂၀၁၈)၊ (၂/၂၀၁၉)၊ (၃/၂၀၁၉) တို့၏ ဆုံးဖြတ်ချက်အရ လိုအပ်ချက်များပြင်ဆင်ပြီးပြည့်စုံ၍ခွင့်ပြုသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) (၄၂)မျိုးအား (၁-၉-၂၀၁၉)ရက်နေ့မှ (၃၀-၉-၂၀၁၉)အထိ ခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြားလာရောက် ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြား ထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) ကတ်ပြားများကို ထုတ်ယူရမည်ဖြစ်ကြောင်း အကြောင်းကြားအပ်ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။