the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လျှောက်ထားခြင်းအား ခွင့်မပြုကြောင်း အကြောင်း ကြားခြင်း

အထက်ရည်ညွှန်းပါစာဖြင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ တိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်)လျှောက်ထားလာသော တော်ဝင် အမှတ်တံဆိပ် အာရုံကြောအားတိုးဆေး (ဆေးတောင့်)၏ ပေးပို့လျှောက်ထားသော ဆေးနမူနာများကို ပထမအကြိမ်၊ ဒုတိယအကြိမ် နှင့် တတိယအကြိမ်အထိ ဓာတ်ခွဲစစ်ဆေးရာတွင် ဓာတ်ခွဲအဖြေများသည် ကောင်းမွန်မှုမရှိပါသဖြင့် တိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်) လျှောက်ထားခြင်းအား ခွင့်မပြုကြောင်း အကြောင်းကြားပါသည်။

 

စဉ်

ဓာတ်ခွဲခန်းသို့ပေးပို့သည့်နေ့စွဲ

အကြောင်းအရာ

ဓာတ်ခွဲစစ်ဆေးမှု၏ဓာတ်ခွဲအဖြေများ

၁-၆-၂၀၁၈

ပထမအကြိမ်ဓာတ်ခွဲခြင်း

မှို တွေ့ရှိခြင်း

၁၁-၁၀-၂၀၁၈

ဒုတိယအကြိမ်ဓာတ်ခွဲခြင်း

မှို တွေ့ရှိခြင်း

၃-၄-၂၀၁၉

တတိယအကြိမ်ဓာတ်ခွဲခြင်း

မှို တွေ့ရှိခြင်း

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ