the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) -၅စောင်၏ လိုအပ်ချက်စာရင်းကို ထုတ်ပြန်ကြော်ငြာခြင်း

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့(၂၀-၈-၁၈) ရက်နေ့မှ (၃၀-၈-၁၉)ရက်နေ့အထိ လျှောက်ထားလာသည့်တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး)ကိစ္စများနှင့် ပတ်သက် ၍တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) -၅စောင်၏ လိုအပ်ချက်စာရင်းကို ပူးတွဲပါ အတိုင်းထုတ်ပြန်ကြော်ငြာလိုက်သည်။

 ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍(၃)လအတွင်းသက်ဆိုင်ရာလိုအပ်ချက်များကိုပေးပို့ဆောင် ရွက်ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝး (၃/၂၀၁၉) ဆုံးဖြတ်ချက် အရ (၆)လအတွင်းပေးပို့ဆောင်ရွက်ခြင်းမပြုပါကပယ်ဖျက်မည်ဖြစ်ပြီးပယ်ဖျက်ပြီးပါက မှတ်ပုံတင်/ လိုင်စင် များ ပျက်ပြယ်ကြောင်းကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍အခြားလိုအပ်ချက်များနှင့်အတူပိုင်ရှင်(သို့မဟုတ်) ကြီးကြပ် သူမှလက်မှတ်ရေးထိုး၍ပြင်ဆင်တင်ပြစာဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။

 

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း