ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာစာအမှတ်( ၆ / ၂၀၁၉)
စာအမှတ် တဆပ/ ဆဝ/ ၂၀၁၉ ( ၅၁၂ )
ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) ခွင့်ပြုစာရင်း ထုတ်ပြန် ကြော်ငြာခြင်း။
၁။ သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရ လိုအပ်ချက် များ ပြင်ဆင်ပြီးပြည့်စုံ၍ (၁- ၁၂- ၂၀၁၈) ရက်နေ့မှ (၃၁- ၁၂- ၂၀၁၈) ရက်နေ့ အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)- (၁၄၅) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည်။
၂။ ဤစာ ထုတ်ပြန်သည့်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပကျန်တိုင်း ဒေသကြီး/ ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လ အတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရ မည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။
ဥက္ကဌ (ကိုယ်စား)
(ဝင်းဟန်၊ အတွင်းရေးမှူး)
တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့
မိတ္တူကို -
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးဦးစီးဌာနမှူးများအားလုံး
(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားရန်နှင့် ဆောင်ရွက်ပြီးစီးမှုအား
ပြန်လည်တင်ပြရန်)
ရုံးလက်ခံ/ မျှောစာတွဲ