the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ ဖတ်ကြားခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ဂုဏ်ပြုသဝဏ်လွှာ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

နေပြည်တော် ၂၀၁၈ ဒီဇင်ဘာ ၂၈

အားလုံးပဲမင်္ဂလာပါ

            အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ဂုဏ်ဒြပ်တစ်ရပ်ဖြစ်သည့် မြန်မာ့ တိုင်းရင်းဆေးပညာတိုးတက် မြင့်မားရေးအတွက် မွန်မြတ်သော ရည်ရွယ်ချက် များဖြင့် နှစ်စဉ်မပျက်ကျင်းပလျက်ရှိသော မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကိုအစဉ်အလာကောင်းများနှင့်အညီ (၁၉) ကြိမ်မြောက် အောင်မြင်စွာ ကျင်းပနိုင်ခြင်း အတွက် ဂုဏ်ပြုကြိုဆိုပါကြောင်း ဦးစွာပထမဖော်ပြလိုပါသည်။ ဤသို့သော ကောင်းမြတ်သည့် မင်္ဂလာအခါသမယတွင် တိုင်းရင်းဆေးသမား တော်ကြီးများ ကိုယ်စိတ် နှစ်ပါးကြည်လင်ချမ်းမြေ့ကြပါစေကြောင်း ဆုမွန် ကောင်တောင်း အပ်ပါသည်။

        ယခုကဲ့သို့ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် မြန်မာ နိုင်ငံတစ်ဝှမ်းလုံးမှ တိုင်းရင်းဆေးသမားတော်များ စုံညီစွာစုစည်း ပေါင်းဆုံလျက် မြန်မာ့တိုင်းရင်းဆေးပညာ အရှည်တည်တံ့ ထွန်းကား ပြန့်ပွားရေး၊ နှုန်းမီစံကိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသား ပြည်သူများ အား မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ပိုမိုထိရောက်ကျယ်ပြန့်စွာ ကျန်းမာရေး စောင့်ရှောက်မှုပေးရေး တို့အတွက် နှလုံးစိတ်ဝမ်းညီမျှစွာဖြင့် ပညာရပ်များ ဆွေးနွေးဖလှယ်နိုင်ကြခြင်းသည် မြန်မာ့ တိုင်းရင်းဆေးပညာ လောကအတွက် --------

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ