အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဘာလီကျွန်းဆွယ်၌ ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့မှ ဒီဇင်ဘာလ(၁) ရက်နေ့ အထိ ကျင်းပပြုလုပ်ခဲ့သည့် International Conference on Ayurveda and Traditional Healthcare in Southeast Asia (An ASEAN Umberella of Shared Heritage) အရှေ့တောင်အာရှနိုင်ငံများတွင် အာယုဗ္ဗေဒဆေးပညာနှင့် တိုင်ရင်းဆေးပညာရပ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ ဆေးပညာရပ်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် “Inter-relation between Traditional Medicines of Myanmar and Ayurveda” စာတမ်းအား မန္တလေးမြို့၊ တိုင်းရင်းဆေးတက္ကသိုလ်၊ ဆေးပညာဌာနမှ ဒေါ်အေးချမ်းသူဇာလှိုင်၊ နည်းပြ ဖတ်ကြားပေးခဲ့သည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။