the republic of the union of myanmar

ministry of health

Department of Traditional Medicine

Workshop on Research Ethics အလုပ်ရုံဆွေးနွေးပွဲ

Workshop on Research Ethics  အလုပ်ရုံဆွေးနွေးပွဲကို(၁၇-၃-၂၀၁၇) ရက်နေ့မှ (၁၈-၃-၂၀၁၇)ရက်နေ့ထိ တိုင်းရင်းဆေးတက္ကသိုလ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဆေးသုတေသန(ပြင်ဦးလွင်ရုံးခွဲ) မှ ဒေါက်တာမိုးကျော်မြင့်နှင့် အဖွဲ့သည် Research Ethics နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို သေချာစွာ ရှင်းလင်းသင်ကြားပေးခဲ့ပါသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၊ တိုင်းနှင့်ပြည်နယ် တိုင်းရင်းဆေးရုံများနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း(၆၀)ဦး တက်ရောက် လေ့လာ ဆွေးနွေးခဲ့ ကြပါသည်။ 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ