၁။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့၏ (၅-၃-၂၀၂၀)ရက်နေ့တွင် ကျင်းပပြု လုပ်သော အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀) အတည်ပြုချက်အရ Online တိုင်းရင်းဆေးဝါးမှတ်ပုံ တင်(သက်တမ်းတိုး) လျှောက်ထားခြင်းအား ခွင့်ပြုသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) (၁၂)စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ခွင့်ပြုကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာ ထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါး မှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်းနှင့် ခွင့်ပြုကတ်ပြားများ လာရောက်ထုတ်ယူရာတွင် သက်တမ်းကုန်မှတ်ပုံတင်မူရင်းနှင့် တံဆိပ်(၃)စုံစီ တပါတည်း ယူဆောင်လာရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။