the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၅ ခုတင်ဆံ့ ညောင်းဦးတိုင်းရင်းဆေးရုံအလှူနှင့်ဝန်ထမ်းများ၏ ဝန်ထမ်းကောင်းဆု ချီးမြှင့်ရန်

၂၀၁၈ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ရုံးအမှတ် ၄၇ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်က ညောင်ဦး တိုင်းရင်းဆေးရုံအတွက် အလှူငွေကျပ် (၁၀)သိန်းတိတိ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့မှအတွင်းရေးမှူး ဦးမောင်မောင်ဦး (ဂရိတ်ဝေါ တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးလုပ်ငန်း)က  ကျပ် (၁၅)သိန်းတိတိ နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်)ရှိ ဝန်ထမ်းများ၏ ဝန်ထမ်းကောင်းဆု ချီးမြှင့်ရန်အတွက် (၅)လစာ ကျပ် (၁၃)သိန်း( ၅) သောင်းတိတိကို လှူဒါန်းခဲ့ပါသည်။

ဆက်လက်ပြီး “ဖတ်ပြီးပြန်ထား အငှားစာအုပ်စင်” အတွက် ဦးကြည်လွင်မြင့် (မုဒြာ တိုင်းရင်းဆေး) က စာအုပ် (၆၀)အုပ် ကို လှူဒါန်းခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း