the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင် ရက်(စနေနေ့)တွင် တိုင်းရင်းဆေးပညာဦးစီး ဌာန၊ဖွံ့ဖြိုးရေးဌာနစိတ်နှင့် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တို့ ပူးပေါင်း ဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ် ပညာပေးရေးအစီအစဉ်

၂၀၁၈ ခုနှစ် မေလ ၂၆ ရက်နေ့တွင်  ရက်(စနေနေ့)တွင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ဖွံ့ဖြိုးရေးဌာနစိတ်နှင့် ခုတင် (၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တို့ပူးပေါင်း ဆောင်ရွက်ကျင်းပသော တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME)အခမ်းအနားတွင် “ကလေးသူငယ်နာသွက္ချာပါဒရောဂါ” ခေါင်းစဉ်ဖြင့် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။

           ၎င်းအခမ်းအနားကိုအစီအစဉ်(၇)ရပ်ဖြင့် ကျင်းပပြီးသဘာပတိအဖြစ် ဆရာကြီး ဦးသန်းအုန်း(ဒုတိယ-ပါမောက္ခဌာနမှူး(ငြိမ်း))၊ တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေးမှ ဆောင်ရွက်ပြီး၊ အခမ်းအနားမှူးအဖြစ် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဒေါ်အိအိကျော်(ဒု-တိုင်းရင်းဆေးမှူး)နှင့် တွဲဖက်အခမ်းအနားမှူးအဖြစ် ဒေါ်ခိုင်သဲစုထွေး(ဒု-တိုင်းရင်းဆေးမှူး) တို့က ဆောင်ရွက်ခဲ့ပါသည်။ “ကလေးသူငယ်နာသွက္ချာပါဒရောဂါ” စာတမ်းကိုခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၊ နေပြည်တော်မှ ဆရာမဒေါ်တင်တင်အေး(တိုင်းရင်းဆေးမှူး)ကဖတ်ကြားပြီး ဆရာ၊ ဆရာမ (၆၀)ဦးတက်ရောက်ခဲ့ပါသည်။ ဖိတ်ကြားထားသူများနှင့် တက်ရောက်လာသောဆရာ/ဆရာများမှ မေးမြန်းဆွေးနွေးမှု့များနှင့် အကြံပြုသုံးသပ်ချက်များကိုဆရာ/ ဆရာမကြီးများက ပြန်လည် ဖြေကြားရှင်းလင်းခဲ့ပြီးအခမ်းအနားကိုနေ့လည် (၁၂:၃၀) နာရီတွင်ပြီးဆုံးခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ