the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၈) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံနှင့် နှီးနှောဖလှယ်ပွဲ အကြိုညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောကြားမည့် တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ နိဂုံးချုပ်အမှာစကား

အားလုံးသောညီလာခံ ကိုယ်စားလှယ်များနှင့် နှီးနွယ်ပညာရှင်များအားလုံး ဒီနေ့တော့အတော်လေး ပင်ပန်းမယ်ထင်ပါတယ်။ တိုင်းရင်းဆေးလောကကြီးအတွက်မို့ ပင်ပန်းရင်လည်းပဲ သည်းခံပေးကြပါအုန်းလို့ တောင်းဆိုပရစေ။ ဒီနေ့ ကိုယ်စားလှယ်တော်ကြီးများ 
ဆွေးနွေးခဲ့ကြတဲ့

 

(၁) မြန်မာ့တိုင်းရင်းဆေးပညာ၏ သမားစဉ်ကုထုံးနည်းစနစ်များနှင့် အစွမ်းထက် ဆေးဝါးများကို ရောဂါအလိုက်ရှာဖွေဖောိထုတ်၍ ဆေးရုံများနှင့် တိုင်းရင်းဆေးကုဌာနများတွင်လက်တွေ့အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်

 

(၂) မြန်မာ့တိုင်းရင်းဆေးပညာအဆင့်အတန်းကို နိုင်ငံတကာအဆင့်သို့ မြှင့်တင်နိုင်ရေးအတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန်

 

(၃) မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေး ပညာပေးခြင်းကို အိမ်ရှင်မများထံရောက်ရှိအောင်ဆောင်ရွက်ပေးရန်

 

(၄) နယကြီးလေးပါးကို အခြေခံသည့် မြန်မာ့တိုင်းရင်းဆေးပညာကုထုံး နည်းစနစ်များကို အမျိုးသားရေးအမွေအနစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပန်းဆောင်ရွက်ရန်

 

(၅) ခေတ်အဆက်ဆက် တိုင်းရင်းဆေးပညာ သင်ကြားရေးနည်းစနစ် ဆန်းစစ်သုံးသပ်ရန် မြန်မာ့တိုင်းရင်းဆေးပညာ ဖွ့ံဖြိုးတိုးတက်ပြန့်ပွားရေးအတွက် ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်

 

ဆိုတဲ့အဆိုအထောက်တွေ၊ ဒီအဆိုအထောက်တွေကိုဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတဲ့ Action Plan တွေကိုမြိုင်မြိုင်ဆိုင်ဆိုင်၊ တက်တက်ကြွကြွ၊ အားသွန်ခွန်စိုက်၊ စိတ်ဝင်တစား ဆွေးနွေးကြတာတွေ့ရလို့ အင်မတန်မှ ကျေးဇူးတင်မိသလို မြန်မာ့တိုင်းရင်းဆေး အနာဂတ်အတွက် ၀မ်းမြောက် ၀မ်းသာဖြစ်မိပါတယ်ရှင်။

 

ဒီအဆိုတွေကိုအောင်မြင်အောင် အကောင်အထည်ဖော်မဲ့ Action Plan တွေကို ဆွေးနွေးကြရမှာကို မိမိအကောင်အထည်ဖော်လိုတဲ့ပုံစံ၊ အခြားသူအကောင်အထည်ဖော်လိုတဲ့ပုံစံတွေကွဲပြားနေခဲ့ကြတာတွေကိုလည်းတွေ့ကြုံခဲ့ကြရမှာပါ။ အဲ့အခြေအနေတွေကို ကျော်ဖြတ်ပြီး မိမိတို့ရဲ့တိုင်းရင်းဆေးတိုးတက်ဖို့ ဆိုတဲ့စိတ်နှင့် အကောင်းဆုံး၊ အသင့်တော်ဆုံး၊ အဖြစ်သင့်ဆုံးတွေကို ဆွေးနွေးပေးခဲ့ကြတဲ့ ကိုယ်စားလှယ်တော်ကြီးများနှင့် စွမ်းေဆောင်ချက်တွေကို ကျွန်မအနေနဲ့ မှတ်တမ်းတင်ရင်း ကျေးဇူးတင်ဂုဏ်ယူရပါတယ်။

 

ဒီအခြေအနေလိုပဲ အနာဂတ်မှာ ကျွန်မတို့အားလုံး စည်းလုံးညီညွတ်မှုကိုအရင်းတည်၊ မတူကွဲပြားမှုတွေကိုသည်းခံကာ တိုင်းရင်းဆေးလောကြီး တိုးတက်ဖို့ဦးတည်ပြီး မိမိအတ္တ၊ မာနတွေကို လွှတ်ချကာလက်တွဲညီညီနဲ့ ၀ိုင်းဝန်းကြိုးစား ဆောင်ရွက်ကြရင်ဖြင့် ရောင်စုံပန်းတွေပွင့်ဖူးပြီး မွှေးရနံ့တွေသင်းထုံတဲ့ တိုင်းရင်းဆေးဥယျာဉ်ကြီးဖြစ်လာမှာမလွဲပါဘူး

 

အဲ့ဒီအကျိုးတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံးခံစားနိုင်ဖို့၊ တစ်ဆင့်တက်ပြီး ကမ္ဘာသူကမ္ဘာသားများအားလုံး ခံစားနိုင်ဖို့ ကျွန်မတိုအားလုံး ကြိုးစားပျိုးထောင်ကြရမှာပဲ ဖြစ်ပါတယ်။ ဒီလိုအားထုတ်ကြိုးပမ်းဆောင်ရွက်တာဟာ နိုင်ငံတော်ရဲ့လူမှုရေးဦးတည်ချက်တွေဖြစ်တဲ့ ၁။ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ၂။ အမျိုးဂုဏ်ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ၃။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးစတဲ့ ဦးတည်ချက်များကို တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။

 

ခေတ်မီဖွ့ံဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နေတဲ့ ယနေ့ခေတ်ကာလမှာ ဒီမိုကရေစီယဉ်ကျေးမှုကိုအခြေတည်ပြီး လူမှုရေးဦးတည်ချက်တွေကို မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းမှ အကောင်အထည်ဖော်နေတဲ့ ညီလာခံကိုယ်စားလှယ်တော်ကြီးများကို ကျေးဇူးအထူးတင်ကြောင်း ပြောကြားပါရစေ။ ကိုယ်စားလှယ်တော်ကြီးများ ပင်ပန်းမှုတွေကိုဖြေဖျောက်ပြီး မနက်ဖန်မှာ အားသစ်တွေပြည့်နေစေဖို့အတွက် ခဏနေမှာ ဥပ္ပါတသန္တိဘုရားနှင့် ဗုဒ္ဓဂါယာကို ဘုရားဖူးလိုက်ပို့ပေးမှာဖြစ်ပါတယ်။ ပြည့်ဝစွာအနားယူရင်း ပင်ပန်းမှုတွေပြေပျောက် ရွှင်လန်းမှုတွေရောက်ပြီး မနက်ဖြန်မှာပြန်လည်ဆုံတွေ့ကြပါစို့လို့ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်ရှင်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း