the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ နှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲ ကျင်းပ

နေပြည်တော်။ ။ ဇန်နဝါရီလ (၁၈) ရက် မှ (၁၉) ရက် အထိ

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေး ပညာရှင်များ နှီးနှောဖလှယ်ပွဲကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားခဲ့ပါသည်။

 

နိုင်ငံတော်သမ္မတ၏ ဂုဏ်ပြုသဝဏ်လွှာကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဖတ်ကြားပါသည်။

 

(၁၇)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် တင်သွင်းမည့် အဆိုပြုချက်၊ ထောက်ခံချက်များသည် ပြည်သူတစ်ရပ်လုံးအတွက် အမှန်တကယ် အကျိုးရှိသော အဆိုပြုချက်နှင့် ထောက်ခံချက်များဖြစ်ရန် လိုအပ်ပါကြောင်း၊

 

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ၏ အဆိုပြုချက်နှင့် ထောက်ခံချက်များအား မည်မျှ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်ကိုလည်း ပြန်လည် သုံးသပ်ရန် ဖြစ်ပါကြောင်း၊

 

တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် မျက်မှောက်ခေတ်အခြေအနေအရ တိုင်းရင်းဆေး လောကသားများ သိသင့်သည့် အချက်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ညီလာခံတွင် တင်ပြသင့်သည့် အချက်များအား အဖွဲ့ငယ်များဖွဲ့စည်းပြီး ပါဝင်သင့်သော ပညာရှင်ကြီးများအား သီးခြားစီ တွေ့ဆုံကာ ဆွေးနွေးပြုစုထားပါကြောင်း၊ ယခုကဲ့သို့ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသော နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ အားလုံးကို ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ညီလာခံကိုယ်စားလှယ်များသည် အုပ်စု(၅)စု ခွဲ့ကာ ညီလာခံတွင် တင်သွင်းမည့် အဆိုပြုချက်များအားလည်းကောင်း၊ အဆိုပြုချက် တစ်ခုချင်းစီအတွက် ရှေ့လုပ်ငန်းစဉ်များ (Action Plans) ပေါ်ထွက်လာစေရန်လည်းကောင်း၊ အုပ်စုများအလိုက် ဆွေးနွေးကြကာ ရှေ့လုပ်ငန်းစဉ်များ (Action Plans)တစ်ခုချင်းစီအတွက် တင်ပြမည့် ပုဂ္ဂိုလ်များ ရွေးချယ်ခဲ့ကြပြီး ဆွေးနွေး တင်ပြမှုများ ပြုလုပ်ခဲ့ပါသည်။ (၁၇)ကြိမ်မြောက် မြန်မာတိုင်းရင်းဆေးသမားတော်များညီလာခံကို ဇန်နဝါရီလ ၁၈ ရက် နေ့တွင် လည်းကောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကို ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်းကောင်း၊ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ကျင်းပခဲ့ပါသည်။ ညီလာခံတွင် ပြည်သူလူထုအကျိုးပြု အဆိုပြုချက် (၅)ခုကို တင်ပြ ဆွေးနွေးကြမည်ဖြစ်ကာ နှီးနှောဖလှယ်ပွဲတွင် အဆိုပြုချက်(၅)ခု၏ ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေး အတည်ပြုကြမည်ဖြစ်ပြီး၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်းနှင့် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် စာတမ်း၊ တိုင်းရင်းဆေးဆိုင်ရာ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်နှင့် Nagoya Protocol သဘောတူညီချက် စာတမ်းများကို စာတမ်းရှင်များက တင်ပြ ဆွေးနွေးကြမည် ဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ