the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ ကျင်းပရေးဦးစီးကော်မတီ အစည်းအဝေးတွင် သဘာပတိ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင် ပြောကြားခဲ့သည့် မိန့်ခွန်း

၁၇-၁၂-၂၀၁၅(ကြာသပတေးနေ့)

        

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံ ကျင်းပရေးကော်မတီ အစည်းအဝေးသို့ တက်ရောက်လာပါသော ဦးစီးကော်မတီဝင်များနှင့် ဧည့်သည်တော်များကို မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။

       

ဒီကနေ့ အစည်းအဝေးကတော့ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက် (အင်္ဂါနေ့)မှာ ကျင်းပမယ့်၊ (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်များ ညီလာခံကြီးကို နှစ်စဥ်နှစ်တိုင်းလို၊ အဆင်ပြေပြေ၊ ချောချောမွေ့မွေ့၊ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျနော်တို့ ဦးစီးကော်မတီ အနေနဲ့ စီစဉ်ဆောင်ရွက်စရာရှိတာတွေ၊ ဆွေးနွေး ညှိနှိုင်းကြဖို့ ဖြစ်ပါတယ်။ ယခုလို ညီလာခံအဆက်ဆက်မှာ ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းနဲ့ တာဝန်ယူဆောင်ရွက် နိုင်ခဲ့တာ မဟုတ်ဘဲ၊ နှီးနွွယ်ဝန်ကြီးဌာနများနဲ့ ပူးပေါင်းမှုကြောင့် အောင်မြင်စွာ၊ ဆောင်ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခု(၁၆)ကြိမ်မြောက် ညီလာခံမှာလည်း၊ အစဥ်အလာမပျက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါအုံးလို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။ ယခုကျင်းပမယ့် တိုင်းရင်းဆေးသမားတော်များ ညီလာခံမှာ နှစ်စဥ်နှစ်တိုင်းလို ပဲ၊ နိုင်ငံတော်သမ္မတ က သဝဏ်လွှာ ပေးပို့ပြီး၊ ဒုသမ္မတက ညီလာခံကို ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ အမျိုးသားကျန်းမာရေးကော်မတီ၊ တိုင်းရင်းဆေးကောင်စီ၊ ပြည်တွင်း ပြည်ပက အစိုးရမဟုတ်သော အသင်းအဖွဲ့အစည်း ကိုယ်စားလှယ် တွေ အနယ်နယ်အရပ်ရပ်က ကိုယ်စားလှယ် ၂၅၀ လောက် တက်ရောက်ကြမှာ ဖြစ်ပါတယ်။ ၂၈-၁၂-၂၀၁၅ နေ့မှာ ညီလာခံ ကျင်းပမှာဖြစ်ပြီး၊ ၂၉-၁၂-၂၀၁၅ နေ့မှာ တိုင်းရင်းဆေး ပညာရှင်များ နှီးနှောဖလှယ်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဆိုပါ (၂)ရက်စလုံး MICC-2 မှာ ကျင်းပမှာ ဖြစ်ပါတယ်။

     

ကျနော်တို့ ဦးစီးကော်မတီအနေနဲ့ ညီလာခံကြီး လုံခြုံ အေးချမ်းစွာ၊ အဆင်ပြေချောမွေ့စွာ၊ ကျင်းပနိုင်ရေးအတွက် စီစဥ် ဆောင်ရွက်ပေးကြရမယ့် တာဝန်ရှိပါတယ်။ ဒါကြောင့် ဦးစီး ကော်မတီဝင်များအနေနဲ့ မိမိတို့ဌာနရဲ. တာဝန်ရှိသူများကို၊ လိုအပ်တဲ့ကဏ္ဍက ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်အောင်၊ စီစဥ် ညွှန်ကြားပေးကြဖို့ ကျနော်အနေနဲ့ တင်ပြလိုပါတယ်။ ကျနော်တို့မှာ လည်း အထိုက်အလျောက် အတွေ့အကြုံတွေ ရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်နိုင်အောင်၊ စီစဥ်ပံ့ပိုး၊ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင်၊ ညီလာခံကြီးဟာ ချောချော မွေ့မွေ့နဲ့ အောင်မြင်စွာ ကျင်းပနိုင်လိမ့်မည်လို့ ယုံကြည်မိပါတယ်။ (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံ ကျင်းပရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တင်ပြမှာဖြစ်ပြီး၊ လူကြီးမင်းတို့၏ သက်ဆိုင်ရာကဏ္ဍများမှာ ဖြည့်စွက်၊ ပါဝင်၊ ပူးပေါင်း ဆောင်ရွက်ပေး ကြပါရန် မေတ္တာရပ်ခံရင်း နိဂုံးချုပ်အပ်ပါတယ်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း