the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၏ ဂုဏ်ပြုသဝဏ်လွှာ

၂၉-၁၂-၂၀၁၅ ၂၀၁၅ ခုနှစ်တွင် ကျင်းပသည့် (၁၆)ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များ ညီလာခံသို့ တက်ရောက်လာကြပါသော တိုင်းရင်းဆေးသမားတော်များနှင့် တိုင်းရင်းဆေးပညာရှင် အပေါင်းတို့ ခင်ဗျား -------။

      

ခရစ်သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်မှစတင်၍ နှစ်စဥ်မပျက်မကွက် ကျင်းပလာခဲ့သော မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံကြီးသည်၊ ယခုနှစ်တွင် (၁၆)ကြိမ်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ ယခုအကြိမ်ဆိုလျှင် နိုင်ငံတစ်ဝှမ်းလုံးမှာ ရှိကြသော၊ တိုင်းရင်းဆေးပညာရှင်ကြီးများ အချင်းချင်း နှင့် မျိုးဆက်သစ် တိုင်းရင်းဆေးပညာရှင်တို့ ရင်းနှီးချစ်ကြည်စွာ တွေ့ဆုံ၊ ဆွေးနွေး၊ နှီးနှောဖလှယ်ခွင့်ရရှိခဲ့ကြသည်မှာ ဆယ်စုနှစ်တစ်ခုခွဲပင် ကျော်လွန်လာခဲ့ပြီးဖြစ်ပါသည်။ ယခုကဲ့သို့ မြန်မာ့တိုင်းရင်းဆေးသမား တော်များညီလာခံ အခါသမယတွင် ညီလာခံကိုယ်စားလှယ်တော်ကြီးများ အားလုံးကို ဝမ်းမြောက်ဂုဏ်ယူစွာ နှုတ်ခွန်းဆက်သအပ်ပါသည်။ ယခု ညီလာခံကြီးတွင်လည်း ညီလာခံကိုယ်စားလှယ် တိုင်းရင်းဆေးသမားတော် များနှင့် တိုင်းရင်းဆေးပညာရှင်အပေါင်းတို့သည် ညီညွတ်ချစ်ခင်စွာ ဆုံစည်းကြပြီး ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြင့်မား တိုးတက်စေရေးကို ရည်မှန်းလျက် မိမိတို့၏ အတွေ့အကြုံ၊ အတွေး အခေါ်နှင့် စေတနာမှန်၍ အပြုသဘောဆောင်သော၊ အမြင်များကို ဖလှယ်ကြ၊ ဆွေးနွေးတိုင်ပင်ကြရင်း ကောင်းမွန်သော မြန်မာ့တိုင်းရင်းဆေး သမိုင်းအမွေအနှစ်များကို ချန်ရစ်ထားနိုင်ကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါသည်။

      

ယခုလို ညီလာခံအဆက်ဆက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်း ဆေးပညာဦးစီးဌာနမှ စီမံခန့်ခွဲရေးနှင့် ကုသရေးကို ဆောင်ရွက်ပေးရသော ဌာနဆိုင်ရာ ကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးကောင်စီဝင် ကိုယ်စားလှယ် ကြီးများ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်းမှ ကိုယ်စားလှယ်များ၊ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းဆေးပညာရှင် ကိုယ်စားလှယ်များနှင့် တိုင်းရင်းဆေးနှင့်နှီးနွယ်သော ပညာရှင် ကိုယ်စားလှယ်များ တွေ့ဆုံညှိနှိုင်း၊ ဆွေးနွေးဖလှယ်ကြပြီး၊ မြန်မာ့တိုင်းရင်းဆေးလောက တိုးတက်ဖွံ့ဖြိုးဖွယ်ရာ များကို ဖော်ဆောင်နိုင်ခဲ့ကြမည်မှာ မလွဲဧကန်ဖြစ်မည်ဟု ယုံကြည်မိ ပါသည်။

      

လူ့အဖွဲ့အစည်း တစ်ခု၏ ကဏ္ဍနယ်ပယ်တစ်ရပ် ဖွံ့ဖြိုးတိုး တက်အောင် ဆောင်ရွက်ကြရသည်မှာ အချိန်တိုအတွင်း ဆောင်ရွက်နိုင် သည်များရှိသလို၊ အချိန်ကာလနှင့် ရင်းပြီးမှ ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ကြရသည်များလည်း ရှိတတ်ကြပါသည်။ နိုင်ငံတော်အစိုးရ အဆက်ဆက်မှာလည်း မိမိတို့၏ ဘိုးဘွားအမွေအနှစ်ဖြစ်သော မြန်မာ့ တိုင်းရင်းဆေးပညာကို အဖက်ဖက်က တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ကြဥ်း ခဲ့ကြသည်သာဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့်အတူ တိုင်းရင်းဆေး ပညာရှင်တို့က၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်မှုသည် အလွန်အရေးပါသော အခန်းကဏ္ဍဖြစ်ပါသည်။ သို့မှသာ မြန်မာ့ တိုင်းရင်းဆေးပညာ အရည်အသွေးနှင့် ဂုဏ်သိက္ခာ မြင့်မားတိုးတက်မှုနှင့် အတူ ပြည်သူလူထုကျန်းမာရေးကို ပိုမိုစောင့်ရှောက်လာနိုင်မည်ဖြစ် ပါသည်။

      

တိုင်းရင်းဆေးသမားတော်ညီလာခံကိုယ်စားလှယ်ကြီးများခင်ဗျား -- ယနေ့ခေတ်ကာလသည် မိမိတို့နိုင်ငံတော်ခေတ်မီဖွံ့ဖြိုး တိုးတက်ရေး အတွက်၊ နိုင်ငံတော်အစိုးရအနေဖြင့်၊ ပြည်သူလူထု၏ ဆန္ဒများ၊ ပြည်သူ လူထု၏လက်တွဲညီညီ ပူးပေါင်းမှုများနဲ့အတူ ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်လျက်ရှိပါသည်။ ယခုညီလာခံကြီး တက်ရောက်လျက်ရှိသော တိုင်းရင်းဆေးသမားတော်ကြီးများသည် မိမိတို့နိုင်ငံနှင့် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးကဏ္ဍတွင် အရေးပါသော အခန်း ကဏ္ဍမှာ ပါဝင်လျက်ရှိပါသည်။ ကျန်းမာကြံ့ခိုင်သော ပြည်သူများ ဖြစ်အောင် ကိုယ်စားလှယ်ကြီးများ တတ်မြောက်သည့် တိုင်းရင်းဆေးပညာ ဖြင့် ပိုမိုစောင့်ရှောက်နိုင်ရေး ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်။ မြန်မာပြည်သူတို့သည် မြန်မာ့တိုင်းရင်းဆေးပညာကို အားကိုး အားထား ပြုခဲ့ကြ၊ ပြုနေဆဲဖြစ်ပြီး နောင်တွင်လည်း တိုင်းရင်းဆေးအပေါ် မှီခို အားထားမှု ပြုနေကြဦးမည်သာ ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူမျိုးတို့သည် မိမိတို့၏ လူမျိုး၊ ဘာသာ၊ သာသနာတို့ကို ဘိုးဘွား အမွေအနှစ်အဖြစ်၊ ယုံကြည်မြတ်နိုးစွာ လက်ခံကျင်‌့သုံးတတ်သော အမျိုးအနွယ်များ ဖြစ်ကြသောကြောင့် ဖြစ်ပါသည်။ မြန်မာ့ တိုင်းရင်းဆေး ပညာသည် မိမိတို့ အတွက် အရေးပါသော ဘိုးဘွားအမွေ ဆေးပညာရပ် ဖြစ်ပါသည်။ သို့ပါသောကြောင့် မြန်မာ့တိုင်းရင်းဆေးပညာရပ် ထိန်းသိမ်း စောင့်ရှောက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ညီလာခံ ကိုယ်စားလှယ်များအားလုံးက လက်တွဲပူးပေါင်း ‌ေဆာင်ကြဥ်းကြ ပါရန် တိုက်တွန်းအပ်ပါသည်။ မြန်မာ့တိုင်းရင်းဆေးသမားတော်ညီလာခံကိုယ်စားလှယ်ကြီးများခင်ဗျား-- ယနေ့ခေတ်ကာလအထိ၊ မြန်မာ့တိုင်းရင်းဆေးလာက ခိုင်ခံတည်မြဲအောင် အခြေခံတည်ဆောက်ထားခဲ့ပြီး အခြေအနေများရှိနေပြီ ဖြစ်ပါသည်။ တိုင်းရင်းဆေးပညာရှင်မျိုးဆက်တို့ စဥ်ဆက်မပြတ် လေ့ကျင်‌့ပျိုးထောင် ထုတ်လုပ်ရေးအတွက်၊ တိုင်းရင်းဆေးတက္ကသိုလ်ကို ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ တိုင်းရင်းဆေးပညာရှင်များ မိမိတို့တတ်မြောက်သော ပညာဖြင့်၊ ပြည်သူလူထု ကျန်းမာရေးစနစ်တကျ စောင့်ရှောက်နိုင်ရေး အတွက် တိုင်းရင်းဆေးကောင်စီဥပဒေကို ပြဌာန်းခဲ့ပြီး ဖြစ်ပါသည်။ ပြည်သူလူထုကို အရည်အသွေးစစ်မှန်သော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ဖြန့်ဖြူး ပံ့ပိုးနိုင်ရေးအတွက် တိုင်းရင်းဆေးဝါးဥပဒေကိုလည်း ပြဌာန်းနိုင်ခ့ဲပြီ ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများကို အဆင့်မြှင့် သင့်သည်များ အဆင့်မြှင့်၊ တိုးချဲ.ဖွင့်လှစ်သင့်သည်များကိုလည်း တိုးချဲ့ ဖွင့်လှစ်ထားနိုင်ပြီ ဖြစ်ပါသည်။ ထို့အပြင် တိုင်းရင်းဆေးဆရာ အသင်းကြီး ကိုပါ ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပြီး ဆေးဆရာများ၏ ညီညွတ်ပေါင်းစည်းမှု ဖြင့် နိုင်ငံအကျိုး၊ ပြည်သူလူထု အကျိုးရှေ.ရှု လုပ်ကိုင် ဆောင်ရွက်လျက် ရှိပါသည်။ ဤကဲ့သို့သော အခြေခံကောင်းများသည် တိုင်းရင်းဆေး ပညာဖြင့် ပြည်သူ့ ကျန်းမာရေးရှေ.ရှု၍ ဆတက်ထမ်းပိုး ကြိုးစားအားထုတ် နိုင်ကြဖို့ အခွင့်အလမ်းကောင်းများ တည်ဆောက်ပေးထားခြင်းပင် ဖြစ်ပါသည်။ ယနေ့‌ေခတ်အခါတွင် ခေတ်မီဆေးသိပ္ပံနည်းစနစ် စွမ်းပကားဖြင့် လူသားတို့တွင် ဖြစ်ပေါ်နိုင်သော ရောဂါဝေဒနာအမျိုးမျိုးကို ရှာဖွေ၊ သိရှိ၊ ကုစားနိုင်သော အနောက်တိုင်းဆေးပညာရပ်ကို အားကိုးအားထားပြု ကြရသကဲ့သို့ အခြားတစ်ဘက်တွင်လည်း သမုဌာန် (၄)ပါးဟု ခေါ်ဆိုသော ကံ၊ စိတ်၊ ဥတု၊ အာဟာရညီညွတ်မျှတအောင် နေထိုင် ကျင့်ကြံ စားသောက်ကြရသည့် သဘော၊ ဥတု ဘောဇနကျမ်းလာ ပူခြင်း၊ အေးခြင်း တည်းဟူသော သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ အောင်နေထိုင်၊ စားသောက်ကြရသည့် သဘောတို့ကို လမ်းညွှန် ပြဆိုထားသော မြန်မာ့တိုင်းရင်းဆေး အနှစ်သာရများကလည်း ရောဂါ ဘယမဖြစ်ပွားဘဲ ကျန်းမာသက်ရှည်ရေးအတွက် မဖောက်မပြန် မှန်ကန်သော အားကိုးထိုက်သည့် ပညာရပ်သဘောတရားများပင် ဖြစ်ပါသည်။ ယနေ့ခေတ် ကာလတွင် မြန်မာတို့သာမက ကမ္ဘာ့လူမျိုး အသီးသီးတို့သည် သဘာဝဆေးပညာနှင့် သဘာဝအစားအစာ ဆေးဝါး များကို ပိုမိုအားကိုးလာသည်ကို သတိပြုနိုင်ကြပါသည်။ သို့ဖြစ်၍ သဘာဝ ဆေးများဖြင့် ဖော်စပ်သော တိုင်းရင်းဆေးဝါးများနှင့်တကွ မြန်မာ့တိုင်းရင်း ဆေးသမားတော်ကြီးများ တတ်မြောက်သည့် မြန်မာ့တိုင်းရင်း ဆေးပညာ၏ အခန်းကဏ္ဍသည် တစ်စထက်တစ်စ ပိုမိုကြီးမား ကျယ်ပြန့်လာပြီလို့ ဆိုရမှာ ဖြစ်ပါသည်။

      

သို့ဖြစ်ပါ၍ ယခုကဲ့သို့ မြန်မာ့တိုင်းရင်းဆေးပညာရှင်များအချင်းချင်း၊ တွေ့ဆုံကြုံကြိုက်ခွင့်ရကြသည့် (၁၆)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေး သမားတော်ညီလာခံအခါသမယတွင် ညီလာခံကိုယ်စားလှယ်ကြီးများသည် မိမိတို့ကိုယ်တိုင်ပါဝင်သော ပြည်သူလူထုအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး မိမိတို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး နှီးနှောဖလှယ်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

      

မင်္ဂလာရှိသော ညီလာခံအခါသမယတွင် ကိုယ်စားလှယ်ကြီးများ ကိုယ်တိုင်လည်း နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေကြောင်း၊ ပြည်သူလူထု အားလုံးသို့လည်း ကျန်းမာသုခပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလျက် ဂုဏ်ပြုသဝဏ်လွှာပေးပို့အပ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း