the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၅)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်သများ ညီလာခံနံနက်ပိုင်း အစီအစဉ်ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့် နှုတ်ခွန်းဆက်မိန့်ခွန်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

(၁၅)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်သများ ညီလာခံသို့ ကြွရောက်လာပါသော ညီလာခံကိုယ်စားလှယ်ကြီးများအားလုံး၊ ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ပါစေကြောင်း ဆုတောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သအပ်ပါတယ်။ နှစ်စဥ် ယခုလို ဆုံတွေ့နေကြအတိုင်း ယခုနှစ်မှာလည်း ကိုယ်စားလှယ်ကြီးများနဲ့ ကျန်းမာရွှင်လန်းစွာ တွေ့ကြရတဲ့အတွက် လွန်စွာကြည်နူး ဝမ်းမြောက် မိပါကြောင်း ပြောကြားအပ်ပါတယ်။

         

နှစ်စဥ်ကျင်းပပြုလုပ်နေတဲ့ မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွေမှာ၊ ကျနော်တို့ မြန်မာ့တိုင်းရင်းဆေးလောကရဲ. တိုးတက်ရာ၊ တိုးတက်ကြောင်း၊ ပြည်သူလူထုကို တိုင်းရင်းဆေးနဲ့ ကျန်းမာရေးပိုပြီး စောင့်ရှောက်နိုင်စေကြောင်းတို့ကို အဆိုပြုကြ၊ ထောက်ခံ ကြရတာဖြစ်ပါတယ်။ ယခင်ကျင်းပခဲ့တဲ့ ညီလာခံတွေမှာ အဆိုပြုထောက်ခံကြတဲ့ ကိစ္စများမှာ အောင်မြင်မှုတွေ ရရှိခဲ့သလိုပဲ၊ ဆောင်ရွက်ဆဲ ရှိနေတာတွေလည်း ရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ယခုလို မြန်မာ့တိုင်းရင်းဆေး သမားတော်များ စုံညီစွာ တက်ရောက်တဲ့ ညီလာခံမှာ တင်ပြကြတဲ့ အဆိုပြုချက် များဟာ ခေတ်ကာလနဲ့ လိုက်လျောညီထွေရှိပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်တဲ့ ကိစ္စရပ်များနဲ့ မြန်မြန် ဆန်ဆန် စီမံဆောင်ရွက်ရမယ့် ကိစ္စရပ်များကို အဆိုပြုကြတာ ဖြစ်ပါတယ်။

        

ယခု (၁၅)ကြိမ်မြောက် ညီလာခံမှာ တင်ပြကြမယ့် အဆိုပြုချက် တွေကတော့ -

(၁) နယကြီး(၄)ပါးကို အ‌ြေခခံသော မြန်မာ့တိုင်းရင်းဆေးပညာ ကုထုံးနည်းစနစ်များကို အမျိုးသားရေးအမွေအနှစ်အဖြစ် ထိန်းသိမ်းစောင့်ရှောက်၍ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရန်၊

(၂) နဝရတ်ကတိသစ္စာနှင့် ကျင့်ဝတ်သိက္ခာကို စွဲမြဲစွာနှလုံးသွင်း စောင့်ထိန်းပြီး စည်းလုံးညီညွတ်သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်များ အစည်းအရုံးဖြစ်စေရေး ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်၊

(၃) မြန်မာ့တိုင်းရင်းဆေးပညာကို အရည်အသွေးမီ တတ်မြောက်ကျွမ်းကျင်သည့် ပညာရှင်အဆက်ဆက်အား မွေးထုတ်ပေးနိုင်သော လေ့ကျင့်သင်ကြားရေးစနစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရန်၊

(၄) မြန်မာ့တိုင်းရင်းဆေးပညာရပ်ကို ပဏာမကျန်းမာရေး စောင့်ရှောက်မှုတွင် ကဏ္ဍတစ်ခုအနေဖြင့် ဆောင်ရွက်ပြီး လူတိုင်းလက်လှမ်းမီနိုင်သည့် သာတူညီမျှ ကျန်းမာရေး လွှမ်းခြုံမှုစနစ်တွင် ပါဝင်ဖြည့်ဆည်းပေးရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန်၊

(၅) အာဆီယံတိုင်းရင်းဆေးနယ်ပယ်တွင် မြန်မာ့တိုင်းရင်းဆေး၏ အခန်းကဏ္ဍ အဆင့်အတန်းမီမီ တက်ကြွစွာပါဝင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ပြင်ဆင်ဆောင်ရွက်ရန် တို့ ဖြစ်ပါတယ်။ ယခု နံနက်ပိုင်းမှာ အဆို(၁) နဲ့(၂)ကို အဆိုတင်သွင်းပြီး ထောက်ခံ ဆွေးနွေး ကြရမှာ ဖြစ်ပါတယ်။

       

ဒါကြောင့် အဆိုပြု/ ထောက်ခံနိုင်ကြရေးအတွက် အစီအစဥ်များ ဆက်လက် ကျင်းပနိုင်အောင် အခမ်းအနားမှူးက ဆက်လက်ဆောင်ရွက်နိုင်ပါရန် လွှဲပြောင်း ပေးအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ