၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ (၁-၁-၂၀၂၀) ရက်နေ့မှ (၃၁-၁-၂၀၂၀) ရက်နေ့အထိ လျှောက်ထားလာသည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်များ (အထွေထွေ ပြောင်းလဲခွင့် လျှောက်ထားခြင်း) ကိစ္စရပ်များနှင့်ပတ်သက်၍ အထွေထွေပြောင်းလျှောက်လွှာ (၁)စောင်၏ လိုအပ်ချက်စာရင်းကိုပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂။ ဤစာထုတ်ပြန်သည့်နေ့ရက်မှစတင်၍ (၃)လအတွင်း သက်ဆိုင်ရာလိုအပ်ချက်များကို ပေးပို့ဆောင်ရွက်ရန်နှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၃/၂၀၁၉) ဆုံးဖြတ်ချက်အရ (၆)လအတွင်း ပေးပို့ ဆောင်ရွက်ခြင်းမပြုပါက ပယ်ဖျက်မည်ဖြစ်ပြီး ပယ်ဖျက် ပြီးပါက မှတ်ပုံတင်/လိုင်စင်များပျက်ပြယ်ကြောင်း ကြေညာမည်ဖြစ်ပါကြောင်း အသိပေးအပ် ပါသည်။
၃။ ဤကြော်ငြာစာအမှတ်ကိုရည်ညွှန်း၍ လိုအပ်ချက်များကို ပိုင်ရှင်(သို့မဟုတ်) ကြီးကြပ်သူ မှ လက်မှတ်ရေးထိုး၍ ပြင်ဆင်တင်ပြစာဖြင့် ဆောလျင်စွာ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။