၁။ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ အထွေထွေပြောင်းလဲခွင့် လျှောက်ထားလာ သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များအနက် (၁-၄-၂၀၂၀)ရက်နေ့မှ
(၃၀-၄-၂၀၂၀) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် အထွေထွေခွင့်ပြုစာရင်း(၅)စောင်ကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(ဒီဇိုင်းပြောင်း၊ရက်စွဲညှိ) - ၃စောင်
(ခ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (ရက်စွဲညှိ) - ၂စောင်
၂။ ခွင့်ပြုကတ်ပြားထုတ်ယူခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များက ကတ်ပြားထုတ်ယူရန် အကြောင်းကြားစာထုတ်ပြန်သည့်နေ့မှစ၍ (၃)လအတွင်း တိုင်းရင်းဆေးဝါး မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများ ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။