the republic of the union of myanmar

ministry of health

Department of Traditional Medicine

အဇာဘိုင်ဂျန်သမ္မတနိုင်ငံရှိ တက္ကသိုလ်များ၌ ဘွဲ့ကြို၊ မဟာဘွဲ့နှင့် အထွေထွေဆေးပညာဆိုင်ရာ ဒီပလိုမာဘွဲ့များအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

စာအမှတ် ၊ တဆပ/နဆရ/၂၀၁၉  (၃၃၃)

ရက်စွဲ၊  ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ  ၁၄    ရက်

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)

အကြောင်းအရာ။          ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်းကိစ္စ။

ရည် ညွှန်း ချက်။           ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏(၁၄.၁.၂၀၁၉) ရက်စွဲပါ  စာအမှတ်၊ ၁(က)(၁)၂၀၁၉(၅၂၇)ကလရ

အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ အဇာဘိုင်ဂျန်သမ္မတနိုင်ငံရှိ တက္ကသိုလ်များ၌ ဘွဲ့ကြို၊ မဟာဘွဲ့နှင့် အထွေထွေဆေးပညာဆိုင်ရာဒီပလိုမာဘွဲ့များအား ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အတွက် အောက်ဖော်ပြပါပညာသင်ဆုများသို့ ယှဉ်ပြိုင်လျှောက်ထား နိုင်ကြောင်း  ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသဖြင့် တိုင်းရင်းဆေး ပညာဦးစီးဌာနလက်အောက်ရှိဌာနအသီးသီးမှ လျှောက်ထားလိုသူများသည် လျှောက်လွှာများကို www.aida.az/scholarship ၌ ရယူနိုင်ပါကြောင်းနှင့် သက်ဆိုင်ရာ Website တွင် (၁၅-၂-၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားသူများစာရင်းအား ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသဖြင့် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာ ဦးစီးဌာန (ရုံးချုပ်)သို့ (၁၄-၂-၂၀၁၉) ရက်နေ့ထက် နောက်မကျစေဘဲ မိတ္တူပေးပို့နိုင်ပါရန် အသိပေးအကြောင်း ကြားအပ်ပါသည်။

  1. Bachelor’s degree
  2. Master’s degree
  3. Doctorate
  4. Diploma of General Medicine

ပူးတွဲ( ၂ )ရွက်

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း