အကြောပညာသင်တန်း(၁/၂၀၁၇)ကို (၂၁-၂-၂၀၁၇) ရက်နေ့မှ (၇-၃-၂၀၁၇) ရက်နေ့အထိ ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ၊ မန္တလေး၌ ဖွင့်လှစ် ပို့ချခဲ့သည်။ အဆိုပါ သင်တန်းတွင် သင်တန်းဆရာ အဖြစ် ဦးမြင့်အောင်၊ ညွှန်ကြားရေးမှူး(ငြိမ်း)မှ သင်ကြား ပို့ချခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ မှ မြို့နယ် တိုင်းရင်းဆေးခန်းမှူး၊ ဒုတိယ တိုင်းရင်းဆေးမှူးနှင့် လ/ထ တိုင်းရင်းဆေးမှူးများ သင်တန်းသား၊ သင်တန်းသူဦးရေ စုစုပေါင်း(၂၄)ဦး တက်ရောက် ခဲ့ပါသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့် တက်ရောက်ချီးမြှင့်ခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် (၁၆) ခုတင်ဆံ့ မြင်းမူတိုင်းရင်းဆေးရုံမှ လ/ထ တိုင်းရင်းဆေးမှူး၊ ဒေါ်သူဇာနွယ်က အမှတ် အများဆုံးဖြင့် အောင်မြင်ခဲ့ပါသည်။
သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။
