ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့် လိုင်စင်ကတ်ပြားများအား သက်ဆိုင်ရာ ခရိုင်ဦးစီးဌာနမှူးရုံးတွင် ထုတ်ပေးနိုင်ပါရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) - (၃)စောင်
( ခ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်)- (၁) စောင်
ခရိုင်တိုင်းရင်းဆေးမှူးသည် သက်ဆိုင်ရာဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းရှင်များသို့ဆက် လက်အကြောင်းကြားဆောင်ရွက်ရန်၊ (၃) လအတွင်းလာရောက်ထုတ်ယူရန်အတွက်ခွင့်ပြု ကြော်ငြာစာထုတ်ပြန်ရန်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ပြန်လည် တင်ပြရန်၊ သတ်မှတ်ကာလအတွင်း ထုတ်ယူခြင်းမရှိပါက လုပ်ငန်းရှင်ထံသို့ ထပ်မံ၍ သတိပေးစာထုတ်ပြန်ရန် အကြောင်းကြားပါသည်။