ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် တဆပ / ဆဝ / ၂၀၁၈( ၅၆၁၉ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ လ ၁၂ ရက်
သို့
တိုင်းဒေသကြီးဦးစီးဌာနမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး
အကြောင်းအရာ။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများ ပေးပို့ခြင်း
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး (၂/၂၀၁၈) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင်ကတ်ပြားများအား သက်ဆိုင်ရာတိုင်းဒေသကြီး ဦးစီးဌာနမှူးရုံးတွင် ထုတ်ပေးနိုင် ပါရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်) - (၂၈)စောင်
( ခ ) တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) - (၉၂)စောင်
( ဂ ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) - (၈) စောင်
( ဃ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) - (၂၅) စောင်
( င) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (ဖြည့်စွက်) - (၈) စောင်
( စ) အထွေထွေခွင့်ပြု - (၂၀) စောင်
(ဆ) တိုင်းရင်းဆေးဝါးမှတ်ပုံတင်/လိုင်စင်(ရက်စွဲညှိ) - (၂၀) စောင်
၂။ သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနမှူးသည် သက်ဆိုင်ရာ ဆေးဝါးထုတ်လုပ်သည့် ပုဂ္ဂိုလ်သို့ ဆက်လက်အကြောင်းကြားဆောင်ရွက်ရန်နှင့် ပြီးစီးမှုအား ပြန်လည်တင်ပြရန် အကြောင်းကြားပါသည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်))
မိတ္တူကို -
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာသင်ပုန်း/ရုံးလက်ခံ/မျှောစာတွဲ