the republic of the union of myanmar

ministry of health

Department of Traditional Medicine

မှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့ အစည်းအဝေး (၆/၂၀၁၆) (၁၇-၁၂-၂၀၁၆) ဆုံးဖြတ်ချက်များအရ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များ

၇-၁။ တံဆိပ်ပတ်များတွင် အလေးချိန်နှင့် ယူနစ်ကြားတွင် ခြား၍ ရေးသားရန်။

၇-၂။ ချက်ဆေးများ၊ ဆေးရည်များ မှတ်ပုံတင်သက်တမ်းတိုးရာတွင် ဆေး၏ သက်တမ်း(၁)နှစ် ပေးထားလျှင် Shelf Life စစ်ဆေးရန်အတွက် ဆေးနမူနာ (၁၀)ဘူး၊ ဆေး၏သက်တမ်း(၂)နှစ် ပေးထားလျှင် ဆေးနမူနာ (၂၀)ဘူး ပိုင်ရှင်မှ ပေးပို့ရန်။

၇-၃။ ဆေးဖုံများတွင် Preservative များ ထည့်သွင်းဖော်စပ်ပါက Preservative အမျိုးအစား၊ ပါ၀င်မှု ရာခိုင်နှုန်းများအား ဆေးဖော်စပ်ထုတ်လုပ်ပုံ အဆင့်ဆင့် နှင့် တံဆိပ်ပတ်တွင်ပါ ထည့်သွင်းဖော်ပြရန်။

၇-၄။ ဆေးတံဆိပ်ပတ်များတွင် ဆေးပင်များ၏ ရုက္ခဗေဒ အမည်များဖော်ပြပါက Genus နှင့် Species များအား Rule အရ စာလုံးစောင်း (Italic)၍ သော်လည်းကောင်း သီးခြားစီ မျဉ်းသား (Underline) ၍ သော်လည်းကောင်း ရေးသားဖော်ပြရန်။

၇-၅။ တိုင်းရင်းဆေးဝါး မှတ်ပုံတင် (သက်တမ်းတိုး) လျှောက်ထားရာတွင် ဆေး တစ်မျိုးခြင်းစီ၏ ကုန်ကြမ်းနမူနာအားလုံးနှင့် ဆေးဘူး (၂)ဘူးအား၊ သုတေသန ဓါတ်ခွဲခန်းသို့ လျှောက်ထားသူမှ ပေးပို့ရန်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်