the republic of the union of myanmar

ministry of health

Department of Traditional Medicine

"မြန်မာ့တိုင်းရင်းဆေးပညာ အတွေးအခေါ် အယူအဆနှင့် ကုထုံးဆိုင်ရာ အရည် အသွေးမြှင့်သင်တန်း" (၁/၂၀၁၆)သင်တန်းဖွင့်ပွဲ

 ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄၇)ရှိ တိုင်းရင်းဆေးပညာဦးစီး ဌာနတွင် ယနေ့ နံနက်(၉)နာရီ၌ ကျင်းပသော "မြန်မာ့တိုင်းရင်းဆေးပညာ အတွေးအခေါ် အယူအဆနှင့် ကုထုံးဆိုင်ရာ အရည် အသွေးမြှင့်သင်တန်း" (၁/၂၀၁၆)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။

        

  ညွှန်ကြားရေးမှူးချုပ်က ပြောကြားရာတွင် ပြည်သူလူထုကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အတွေးအခေါ်အယူအဆမှန်ကန်သည့် အရည်အသွေးမြင့် တိုင်းရင်းဆေးပညာရှင်များဖြစ်ရန်လိုအပ်ပြီး၊ ရှေးအစဉ်အဆက်က ကောင်းမွန်သော ကုထုံး ကုကွက်များ မပျောက်ပျက်ရန်နှင့် ခေတ်မီနည်းစနစ်များဖြင့် လိုက်လျောညီထွေ စဉ်းစားကြံဆ တွေးခေါ်ကာ သုတေသနလုပ်ငန်းများတွင်လည်း ယခုထက် ဖွံ့ဖြိုးတိုးတက်ရန် အစဉ်အမြဲ လုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ အခါအား လျော်စွာ လိုအပ်သောသင်တန်းများဖွင့်လှစ်ပေး၍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ယနေ့ ဖွင့်လှစ်သောသင်တန်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကုသရေးဆရာ၊ ဆရာမများကို ကုသရေးစွမ်းရည်ဆိုင်ရာ အရည်အသွေးပိုမိုမြှင့်တင်နိုင်စေရန်၊ တိုင်းရင်းဆေး သမားတော်ကြီးများ၏ ကုထုံး၊ ကုကွက် အတွေးအခေါ်အယူအဆများကို လေ့လာသင်ယူနိုင် စေရန် ရည်ရွယ်ဖွင့်လှစ်သည့် သင်တန်းဖြစ်သဖြင့် သင်တန်းသားများကလည်း ကြိုးစား လေ့လာသင်ယူရန် ပြောကြားခဲ့သည်။

 

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ တိုင်းရင်းဆေးပညာဦးစီးဌာနမှူးနှင့် ဒုတိယ-ဦးစီးဌာနမှူး၊ နေပြည်တော် တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ်ကြီးနှင့် ဒုတိယဆေးရုံအုပ်၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

         

သင်တန်း၏ ကြိုတင်စမ်းသပ်မေးခွန်းများကို နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံကြီး၏ သင်တန်းခန်းမတွင် ပြုလုပ်ရာ သင်တန်းသူ/သင်တန်းသား (၃၁)ဦး တို့မှ ဖြေဆိုခဲ့ကြပါသည်

         

သင်တန်းတွင် သွေးစမ်းပညာ၊ အနာပေါက်ရောဂါ၊ ပုဂ္ဂလပညတ်ပညာ၊ လေငန်းကုထုံး၊ ဆီးချိုရောဂါကုထုံး၊ အသည်းရောဂါကုထုံး၊ မေးရွဲ့ပါးရွဲ့ကုထုံး၊ မီးယပ်ရောဂါကုထုံးစသော တိုင်းရင်းဆေးပညာ ဘာသာရပ်များကို တိုင်းရင်းဆေးဆရာကြီးများမှ သင်ကြားပို့ချ ပေးကြမည် ဖြစ်ပါသည်။ သင်တန်းကို နေပြည်တော်ခုတင်(၁၀၀) တိုင်းရင်းဆေးရုံတွင် (၂၄)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ပြီး သင်တန်းသို့ တိုင်းဒေသကြီးနှင် ပြည်နယ်များ ရှိ တိုင်းရင်းဆေးခန်းများမှ တိုင်းရင်းဆေးခန်းမှူးနှင့် ဒုတိယတိုင်းရင်းဆေးမှူးများ စုစုပေါင်း(၃၁)ဦး တက်ရောက်သင်ယူ ကြမည် ဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ