ခွင့်ပြုပြီးဖြစ်သော်လည်းကတ်ပြားလာရောက် ထုတ်ယူခြင်းမရှိသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(၁၆၅)စောင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်(၃၁)စောင်၊ စုစုပေါင်း(၁၉၆)စောင်အနက် သက်တမ်းတိုးရန်ခွင့်ပြုသည့်ကာလ(၂)နှစ်(၆)လ (၂၀၁၇ခုနှစ်-ဇူလိုင်လမှ ၂၀၁၉ခုနှစ်-ဒီဇင်ဘာလထိ)အတွင်း အကျုံးဝင်သော မှတ်ပုံတင်/လိုင်စင်များအား ဗဟို တိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၄/၂၀၁၉) ဆုံးဖြတ်ချက် (၈-ည) အရ သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင် ထုတ်ပေးနိုင်ပါရန်အတွက် အောက်ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည်-
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)- (၄)စောင်
( ခ ) တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး)- (၅)စောင်
( ဂ ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး)- (၁)စောင်
တိုင်းဒေသကြီးဦးစီးဌာနမှူးသည် သက်ဆိုင်ရာ ဆေးဝါးထုတ်လုပ်သည့်လုပ်ငန်းရှင်များသို့ ဆက်လက်အကြောင်းကြားဆောင်ရွက်ရန်၊ (၃) လအတွင်း လာရောက်ထုတ်ယူရန်အတွက် ခွင့်ပြုကြော်ငြာစာထုတ်ပြန်ရန်နှင့် လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ပြန်လည်တင်ပြရန်၊ သတ်မှတ်ကာလ အတွင်း ထုတ်ယူခြင်းမရှိပါကလုပ်ငန်းရှင်ထံသို့ ထပ်မံ၍ သတိပေးစာထုတ်ပြန်ရန် အကြောင်းကြားပါသည်။