the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၁၇) မှ လိုက်နာဆောင်ရွက်ရန် သတ်မှတ်ချက်များ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

၁။ တိုင်းရင်းဆေးဝါးမှတ်ပုံတင်ရရှိပြီးသော ဆေးဝါးများ၏ ပါဝင်ဆေးပစ္စည်းများ ပြောင်းလဲခွင့် လျှောက်ထားပါကမှတ်ပုံတင်(အသစ်)မှ ပြန်လည် လျှောက်ထားရန်၊

 

၂။ တံဆိပ်ပတ်များပေါ်တွင် ကလေးအညွှန်း ဖော်ပြခြင်းနှင့်ပတ်သက်၍ အသက်အပိုင်းအခြားအား (၆)လမှ (၂)နှစ်၊ (၂)နှစ် မှ (၅)နှစ်၊ (၅)နှစ်မှ (၁၂)နှစ် သတ်မှတ်၍ သုံးစွဲနိုင်သော ဆေးပမာဏ အား တွက်ချက်ဖော်ပြရန်၊

 

၃။ ဆေးပစ္စည်းများတွင် အရက်ထည့်သွင်းဖော်စပ်ခြင်းနှင့် ပတ်သက်၍ ယစ်မျိုးလိုင်စင်ကိစ္စအား ဌာနမှ တာဝန်ယူမည်မဟုတ်ဘဲ တိုင်းရင်းဆေးဝါးကိုသာ မှတ်ပုံတင်ခွင့်ပြုရန်၊

 

၄။ မှတ်ပုံတင်ဆေးဝါးများတွင် ငဖုန်းဆေး၊ ဣဿရမူလီ၊ တောင်ကြာဥ၊ ဆင်နှာမောင်း၊ ပုတီးဖြူ ပါဝင်ဖော်စပ်ခြင်းအား ခွင့်မပြုရန်၊

 

၅။ ဒေါင်ကွေး အသုံးအနှုန်းအား တန်ကွေးဟုသာ သုံးနှုန်းရန်၊

 

၆။ တံဆိပ်ပတ်တွင် “ကောင်းမွန်သော ထုတ်လုပ်မှုလုပ်ငန်းကျင့်စဉ် (GMP) စနစ်နှင့်အညီ ထုတ်လုပ်သည်။ ” စာသားထည့်သွင်းလိုပါက GMP Certificate တင်ပြ၍ ထည့်သွင်းနိုင် သည်။

 

၇။ တိုင်းရင်းဆေးဝါးများ၏ အမှတ်တံဆိပ် အမည်များအား အင်္ဂလိပ်ဆေးအမည်များ ပေးပါက မြန်မာအသံထွက်ဖြင့် အမည်အား ဖော်ပြရန် ဆုံးဖြတ်သည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ